သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနိုင်ငံလုပ် တရားမဝင် တင်သွင်းဆေးများ သတိပေးခံရ


ထိုင်းနိုင်ငံထုတ် Panvit အားဆေး၊ Chloroquine ငှက်ဖျားဆေး၊ စတဲ့ဆေးတွေ အပါအဝင် ထိုင်းဆေးဝါးကုမ္ပဏီ စုစုပေါင်း ၁၀ ခုက ထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့အတွက် အရည်အသွေး အာမခံချက် မပေးနိုင် ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်တွင်း ဆေးဝါးတင်သွင်း ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေ၊ ဆေးဆိုင်တွေမှာလည်း မှတ်ပုံမတင်ထားတဲ့ ဆေးတွေ၊ ဆေးဝါး အတုတွေ၊ စံမညီတဲ့ ဆေးဝါးတွေ ရောင်းချရင် တရားစွဲဆိုမယ်လို့ ဧပြီလ ၉ ရက်နဲ့ ဧပြီလ ၇ ရက်ထုတ် အစိုးရ သတင်းစာတွေ ထဲမှာ ဖော်ပြထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ တရားမဝင် မှောင်ခိုဆေးဝါးတွေ ဈေးကွက်ထဲမှာ ရောင်းနေတယ်ဆိုတဲ့ ပြောဆိုမှုတွေက ဟိုး အရင်တွေကတည်းက ရှိနေခဲ့ပေမယ့် ဘာကြောင့် အခုမှ အစိုးရက အသိပေး ကြေညာချက် ထုတ်ပြန်ရတာပါလဲ၊ ပြည်တွင်း ဆေးကုန်သည်လောက ကတော့ အခုကိစ္စဟာ တရားမဝင်သွင်းလာတဲ့ ဆေးတွေနဲ့ တရားဝင် တင်သွင်းရောင်းချတဲ့ ဆေးတွေ အကြား ဈေးကွက်အတွင်း အားပြိုင်မှုတွေ ရှိလာတာကြောင့်လို့ ခန့်မှန်းကြသလို တရားမဝင်သွင်းလာတဲ့ ဆေးတွေက စားသုံး သူတွေအတွက် ပိုဈေးသက်သာပြီး အရောင်းသွက်တာကြောင့် တရားဝင်သမားတွေအတွက် အထိနာစေတယ်လို့လည်း ပြောကြပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG