သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြသမားတွေ အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးစည်း ကျော်လွန်ဝင်ရောက်


အာဆီယံထိပ်သီးညီလာခံကျင်းပရာ ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေကို အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဒီကနေ့ ချီတက်ခဲ့ကြပြီး ဝန်ကြီးချုပ် အဘီဆစ် နှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ အာဆီယံ ထိပ်သီးညီလာခံကျင်းပမယ့် နေရာရဲ့ အဝင်ပေါက်မှာ အင်္ကျီနီဝတ်ဆန္ဒပြသူတွေက အဓိကရုဏ်းထိန်းရဲတွေကို ကျော်ဖြတ်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် အဘီဆစ် ဝိက်ချာချီ၀ နှုတ်ထွက်ပေးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေက သူတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြမှာဖြစ်ကြောင်း၊ မစ္စတာ အဘီဆစ်အစိုးရဟာ ထိုင်းလူထုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရ ဖြစ်တယ် ဆိုတာကို အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ ကျန် အာရှခေါင်းဆောင်တွေကို ပြသလိုတဲ့ဆန္ဒကို ထုတ်ဖော်လိုကြ တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလောလောဆယ်မှာတော့ ဆန္ဒပြတာတွေကို ယာယီ ရပ်နားထားဖို့ သဘောတူခဲ့ကြပါတယ်။ သက်တမ်းလေးလပဲ ရှိသေး တဲ့ ဝန်ကြီးချုပ် အဘီဆစ်ဝိက်ချာချီ၀ အစိုးရကို ဖြုတ်ချရေးအတွက် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း တက်ဆင်ချီနဝဒ် ကို ထောက်ခံသူတွေက ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG