သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သင်္ဘော ကပ္ပတိန်ကို ပင်လယ်ဓားပြတွေ ဖမ်းထားဆဲ


အမေရိကန် ရေတပ်သင်္ဘောကပ္ပတိန် ရစ်ချတ်ဖိလစ် (Richard Phillips) ကို ဖမ်းထားပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့နေရာကို ဆိုမာလီယာ ပင်လယ်ဓားပြတွေက သူတို့ပြန်ပေးဆွဲထားတဲ့ သင်္ဘောများနဲ့ ဒါဇင်နဲ့ချီရှိတဲ့ သင်္ဘောသားများ ကို ခေါ်ဆောင်သွားကြောင်း အာဖရိကတိုက်အရှေ့ပိုင်း ရေကြောင်းတာဝန်ခံများက ပြောကြားကြပါတယ်။ သင်္ဘောကပ္ပတိန်ဖိလစ်ကို အသက်ကယ် လှေနဲ့ တင်ဆောင်ထားပြီးတော့ တခြား ဓားစားခံများနဲ့ဝိုင်းရံပြီး လူရိုင်းသဖွယ် ပြုလုပ်ထားတယ်လို့ သူတို့က ရှင်းပြကြပါတယ်။

အမေရိကန် ရေတပ်တိုက်သင်္ဘောကြီး USS Bainbridge လည်း အဲဒီ နောက်က လိုက်နေပါတယ်။ သူတို့ကို လာတိုက်လို့ရှိရင် အမေရိကန်သင်္ဘော ကပ္ပတိန်ကို သတ်ပစ်မယ်လို့ ပင်လယ်ဓါးပြများက ခြိမ်းခြောက်ထားပြီး သူ့ကို လွှတ်ပေးရေး အတွက်လည်း ငွေတောင်းခံထားတယ်လို့ ဆိုပါတယ်။

အဲဒီ အမေရိကန်ကုန်တင်သင်္ဘောကို ဆိုမာလီယာ ပင်လယ်ကမ်းခြေမှာ ဗုဒ္ဓဟူး နေ့က အပိုင်စီးပြီး အသင်းကပ္ပတိန်ကို ဖမ်းဆီးထားတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမား က မေးခွန်းများ ဖြေကြားဖို့ ငြင်းဆန်ပြီးတော့ FBI ဗဟိုစုံထောက်အဖွဲ့နဲ့ အမေရိကန်ရေတပ်တို့ကတော့ ပင်လယ်ဓားပြများနဲ့ စေ့စပ် ဆွေးနွေး နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG