သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီငလျင် သေဆုံးသူများအတွက် နိုင်ငံတော်ဈာပန ကျင်းပ


အီတလီနိုင်ငံ အလယ်ပိုင်းမှာ တနင်္လာနေ့က အင်အား ၆.၃ ရှိတဲ့ ငလျင်ကြီးလှုပ်လို့ သေဆုံးသွားသူများအတွက် နောက်ဆုံး ဝတ်ပြုဆုတောင်းပွဲ ကျင်းပရာနေရာကို လူ ထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။

သောကြာနေ့က လက်ကွီးလား မြို့ ရဲသိပ္ပံရင်ပြင်မှာ ပန်းများဖုံးထားတဲ့ အခေါင်း ၂၀ ကျော်ထဲ သေဆုံးသူ ကလေးများရဲ့ အဖြူရောင်အခေါင်းများကိုလည်းပဲ မိဘများရဲ့ အခေါင်းများရှေ့မှာ ထားရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ သဝဏ်လွှာထဲမှာ ကျန်ရစ် သူများအနေနဲ့ သတ္တိမွေး မျှော်လင့်ချက်ထားကြဖို့ အားပေးတိုက်တွန်း ထားပါတယ်။

သေဆုံးသူ မွတ်စလင်များအတွက် အီမန် တယောက်ကလည်းပဲ ဆုတောင်းပေးပါ တယ်။ သောကြာနေ့ကို အီတလီနိုင်ငံတဝှမ်း ကြေကွဲဖွယ်ရာနေ့အဖြစ် အစိုးရက သတ်မှတ် ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG