သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြမှုများ ပိုအကြမ်းဖက်လာ


ထိုင်းနိုင်ငံမှာ စစ်တပ်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ အကြမ်းဖက် ပဋိပက္ခဖြစ်ပွားလို့ လူ ၂ ယောက်ထက်မနည်း သေဆုံးသွားပြီးနောက် အင်္ဂါနေ့မှာ ဆန္ဒပြသမား ၅,၀၀၀ လောက် ဝန်ကြီးချုပ်ရုံးရှေ့မှာ စခန်းချနေပါတယ်။

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံခဲ့ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့ တီရှပ်အနီဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ဖြစ်ကြပါတယ်။

အင်္ဂါနေ့က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က မစ္စတာသက်ဆင်နဲ့ အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး၊ ချက်ချင်း ပါလီမန်ဖျက်သိမ်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ပြောဆိုသွားပါတယ်။

အိမ်လုပ်ဗုံးများနဲ့ စစ်သားတွေကို ပစ်ပေါက်၊ ဘတ်စ်ကားတွေကို မီးတင်ရှို့နေကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ သမားများ နဲ့ တပ်ဖွဲ့များ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် တခြား လူ ၁၀၀ ကျော်လည်း ဒဏ်ရာရရှိသွားပါတယ်။ ဆန္ဒပြသမားများကို သူတို့ စခန်းရှိရာ ဝန်ကြီးချုပ်ရုံးရှေ့ကို ပြန်သွားအောင် စစ်တပ်က မျက်ရည်ယိုဗုံးများသုံးပြီး တွန်းပို့ခဲ့ရပါတယ်။

ဆန္ဒပြသမားများရဲ့ ဆူပူအကြမ်းဖက်မှုကို လက်ခံနိုင်ဖွယ်မရှိဆိုကာ အမေရိကန်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပြီး အီးယူ ဥရောပ သမဂ္ဂကလည်း ထိုင်းနိုင်ငံက အခြေအနေများကြောင့် စိုးရိမ်ပူပန်ကြောင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်း ကြောင်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG