သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သင်္ဘော ကပ္ဗတိန် ဆိုမာလီ ပင်လယ် ဓားပြတွေ လက်က လွတ်မြောက်


အမေရိကန် ရေတပ် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က လက်ဖြောင့်တပ်သားတွေက ပယ်လယ်ဓါးမြတွေကို ချိန်ရွယ် ပစ်ခတ်ပြီး သဘောၤကပ္ပတိန် Richard Phillip ကို ကယ်တယ်ခဲ့တာလို့ အမေရိကန် ရေတပ် အမှတ် ငါး စစ်သဘောၤ တပ်ဖွဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Willian Gortney က ပြောပါတယ်။

ပင်လယ်ဓါးပြတွေကလည်း အေကေ ဖိုတီဆဲဗင်း မောင်းပြန်သေနတ်တွေနဲ့ ပြန်ပေးဆွဲထားတဲ့ သဘောၤကပ္ပတိန် Richard Phillips ကို ချိန်ရွယ်ထားခဲ့ပါတယ်။ ပင်လယ်ဓါးပြ သုံးယောက်သေဆုံးပြီး တယောက် ကို အရှင်ဖမ်းမိခဲ့ပါတယ်။

ကပ္ပတိန် ဖိလစ်စ် အသက်အန္တရယ် ကျရောက်မယ်ဆိုရင် အင်အားသုံးပြီး လိုသလို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဘို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ခွင့်ပြုထားတယ်လို့ အမေရိကန် ရေတပ်အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ဗုဒ္ဓဟူးနေ့က ဆိုမာလီကမ်းလွန်မှာ ကပ္ပတိန် Richard Philips ကြီးကြပ် မောင်းနှင်တဲ့ Maersk Alabam ကုန်တင်သဘောၤကို ပင်လယ်ဓါးပြတွေက ပြန်ပေးဆွဲခဲ့ပါတယ်။ သဘောၤကို ပြန်ပေးဆွဲဘို့ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း ကပ္ပတိန် Richard Phillips ကို ဖမ်းထားခဲ့တာပါ။

ငါးရက်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပင်လယ်ထဲမှာ သက်ကယ်လှေနဲ့ မျောနေတဲ့ Richard Phillips နဲ့ ပင်လယ်ဓါးပြတွေကို အမေရိကန် စစ်တပ်က လိုက်လံရှာဖွေနေခဲ့ပါတယ်။

အခု ကပ္ပတိန် Richard Phillips လွတ်မြောက်လာပြီးတဲ့နောက် သမ္မတ အိုဘားမားက တယ်လီဖုံး ဆက်ပြီး ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သလို လွတ်မြောက်ရေးအတွက် လုပ်ကိုင်ပေးခဲ့တဲ့ အမေရိကန် ရေတပ်တပ်ဖွဲ့ဝင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။

ဆိုမာလီ အစိုးရ အရာရှိတွေကလည်း အခုလို ကပ္ပတိန်လွတ်မြောက်လာတာကို ဝမ်းမြောက်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုကို အကြောင်းကြားခဲ့ပြီး ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးမြတိုက်မှုတွေကို တိုက်ဖျက်လိုတဲ့အကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG