သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အဏုမြူဆိုင်ရာ စစ်ဆေးသူတွေ မြောက်ကိုရီးယား နှင်ထုတ်


မြောက်ကိုရီးယားက ယူရေနီယမ်ဓာတ် သန့်စင်မှု ပြန်လုပ်တော့မယ်လို့ ခြိမ်းခြောက် လိုက်ပြီးနောက် အဓိက နျူကလီးယား ဓာတ်ပေါင်းဖိုမှာ ရှိနေကြတဲ့ နိုင်ငံတကာ စစ်ဆေးရေးမှူးများကိုလည်း နိုင်ငံက ထွက်ခွာသွားဖို့ အမိန့်ပေးလိုက်ပါပြီ။

ယုံဗြောင်းရှိ ကိရိယာများကို ပိတ်ထားတဲ့ ချိပ်တွေကိုခွာပြီး အမြန်ဆုံးထွက်ခွာကြဖို့ သူတို့ရဲ့ စစ်ဆေးရေးမှူးများကို မြောက် ကိုရီးယားက အမိန့်ပေးထားကြောင်း IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီက အင်္ဂါနေ့မှာ ကြေညာပါ တယ်။

အမေရိကန် စစ်ဆေးရေးမှူးများကိုလည်း နှင်ထုတ်လိုက်တယ်လို့ အမေရိကန် အရာရှိကြီးများကို ကိုးကားပြီး ဂျပန် ကျိုဒို သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဧပြီလ ၅ ရက်နေ့က ဂျပန်နိုင်ငံကိုကျော်ပြီး တာဝေးပစ်ရော့ကက် ပစ်လွှတ်တင်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချလိုက်ပြီးနောက် မြောက်ကိုရီးယားဘက်က အဲဒီလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြောက်ကိုရီးယားက အဲဒီလို ဆုံးဖြတ်လိုက် တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တရားဝင်ကြေညာချက်ကို မလိုအပ်ဘဲ တုံ့ပြန်တာဖြစ်တယ်လို့ဆိုပြီး ပြစ်တင် ဝေဖန်လိုက်ပါတယ်။

မဟာမိတ်နိုင်ငံများနဲ့ စတင်ပြီး နောက်ဆုံး မြောက်ကိုရီးယားနဲ့ပါ အဲဒီကိစ္စကို ဆွေးနွေးခွင့် ရဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ခန့်မှန်းပြောဆိုပါတယ်။

မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ၆ ပွင့်ဆိုင်စည်းဝေးပွဲ မတက်ရောက်တော့ဘူးလို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာပဲ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG