သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပဋိပက္ခ ဘုရင်ကြားဝင်ပေးဖို့ သက်ဆင် တိုက်တွန်း


ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်း ကိစ္စ အများကြည်ညိုလေးစားတဲ့ ဘုရင်မင်းမြတ်က ကြားဝင်ဆောင်ရွက်ပေးပါလို့ ထိုင်း ဝန်ကြီးချုပ်ဟောင် သက်ဆင် ရှင်နာဝပ် က ပန်ကြားလိုက်ပါတယ်။ စောစောပိုင်းမှာတော့ ထိုင်းနိုင်ငံ အကျပ်အတည်း ဖြစ်ပွားစေတဲ့ ကန့်ကွက် ဆန္ဒပြပွဲများနဲ့ ပတ်သက်တဲ့ ဝန်ကြီးချုပ် အဖြစ်က ဖယ်ရှားခံခဲ့ရတဲ့ သက်ဆင် ရှင်နာဝပ် က ကိုင်ထား တဲ့ နိုင်ငံကူး လက်မှတ်ကို ထိုင်း နိုင်ငံက ပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။ အရင် သီတင်းပတ်ထဲမှာ ထိုင်း အပန်းဖြေ ပတ္တယား မြို့က အာရှ ထိပ်သီး အစည်းအဝေးထဲကို ကန့်ကွက် ဆန္ဒပြသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့လို့ အစည်းအဝေးပျက်တဲ့အထိ ဖြစ်ပွားစေတဲ့အတွက် မစ္စတာ သက်ဆင်ရဲ့ နိုင်ငံကူး လက်မှတ်ကို နိုင်ငံခြားရေး ဌာနက ပယ်ဖျက်လိုက်ရတာ ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းလင်း ပြောဆိုပါတယ်။

တရား မဝင် လူစုလူဝေးများ ပြုလုပ်မှု၊ ရာဇဝတ်မှုကျူးလွန်မှုများနဲ့ စွဲချက်တင်ထားတဲ့ သက်ဆင် ရှင်နာဝပ်အပါအဝင် ၁၄ ယောက်ကိုလည်း ဖမ်းဝရမ်းများ ထုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ထိုင်း စစ်တပ်က အာဏာသိမ်း ဖြုတ်ချတာကို ခံခဲ့ရ တဲ့ သက်ဆင် ရှင်နာဝပ်က ဆန္ဒပြသူတွေ အုံကြွတော်လှန်ကြဖို့ ပြည်ပကနေ ဗွီဒီယို၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ တိုက်တွန်း ခဲ့ပါတယ်။ ထိုင်း အစိုးရက ကြေညာပြီး မကြာခင်မှာပဲ ဗုဒ္ဓဟူးနေ့က ဖရပ်စ် ၂၄ နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဘုရင်မင်းမြတ် သာ လျှင် ထိုင်းနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်သူလို့ သက်ဆင် ရှင်နာဝပ် က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG