သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ လူတချို့ သေဆုံး


အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲ ပထမနေ့အဖြစ် ဒီနေ့မှာ မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြပါတယ်။ မဲပေးတဲ့ တချို့မဲရုံတွေမှာ မော်ဝါဒီ သူပုန်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

မဲဆန္ဒရှင် သန်း ၇၀၀ မဲပေးမယ့် ရွေးကောက်ပွဲကြီးကို အဆင့် ၅ ဆင့်ခွဲပြီး ကျင်းပမှာဖြစ်ပါတယ်။ ဒီနေ့ ပထမအဆင့် မဲပေးပွဲကို စတင်လိုက်တာ ဖြစ်ပါတယ်။

နက်က်စ်ဇာလိုက်စ် (Naxalites) လို့ခေါ်တဲ့ မော်ဝါဒီ သူပုန်တွေက တချို့မဲပေးတဲ့ ဒေသတွေမှာ တိုက်ခိုက်ခဲ့လို့ လုံခြုံရေးနဲ့ မဲရုံဝန်ထမ်း အနည်းဆုံး ၁၄ ယောက် သေဆုံးခဲ့ရပါတယ်။

သီတင်း ၄ ပတ်ကြာအောင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးတပ်ဖွဲ့အင်အား ၂ သန်းကျော် တာဝန်ချထားရပါ တယ်။ တချိန်တည်းမှာပဲ မွတ်စလင်တွေအပေါ် ပုတ်ခတ်ပြောဆိုမှုနဲ့ အဖမ်းခံနေရတဲ့ အတိုက်အခံ အမတ်လောင်း ဗာရွန် ဂန္ဒီ (Varun Gandhi) ကို အိန္ဒိယဗဟိုတရားရုံးကနေ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဗာရွန် ဂန္ဒီဟာ ကွယ်လွန်သူ ဝန်ကြီးချုပ် ဟောင်း အင်ဒီရာ ဂန္ဒီ (Indira Gandhi) ရဲ့ မြေးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG