သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ပင်လယ်ဓားပြ နှိမ်နင်းရေး သင်္ဘောများ ထပ်လွှတ်မည်


ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်က ဒေသတွင်း ပင်လယ်ဓားပြ တိုက်မှုတွေကို တိုက်ဖျက်ဖို့အတွက် အင်အားဖြည့်တင်းတဲ့အနေနဲ့ သင်္ဘောတွေ စေလွှတ်မယ်လို့ အီးယူ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။

အဲဒီဒေသမှာ ရှိနှင့်နေတဲ့ သင်္ဘောတွေကို အားဖြည့်ဖို့ ဆွီဒင်သင်္ဘော အနည်းဆုံး ၃ စီး ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာရှိနေတဲ့ တောင်ကိုရီးယား ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေကို ကာကွယ်ဖို့အတွက် တောင်ကိုရီးယား စစ်သင်္ဘောတွေလည်း ရောက်နေကြပါပြီ။

၂၀၀၈ ခုနှစ်ကစပြီး သင်္ဘောအစင်းပေါင်း ၆၀ ကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ နိုင်ငံပေါင်း ၁၂ နိုင်ငံနီးပါးက ရေတပ်သင်္ဘောတွေဟာ ဆိုမာလီ ကမ်းလွန်မှာ ကင်းလှည့်နေကြပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူတို့ဖမ်းမိခဲ့တဲ့ ပင်လယ်ဓားပြ ၁၁ ယောက်ကို ကင်ညာအစိုးရဆီ လွှဲအပ်ပေးမယ်လို့ ပြင်သစ်က ပြောပါတယ်။ အဲဒီပင်လယ်ဓားပြတွေကို ဥရောပသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ကင်ညာနိုင်ငံမှာ ရုံးတင်စစ်ဆေးသွားမယ်လို့ ကင်ညာနိုင်ငံ ပြောခွင့်ရသူက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG