သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ဖို့ ဖိလစ်ပိုင်သမ္မတ တိုက်တွန်း


မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းတဲ့အနေနဲ့ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့လမှာ လွှတ်ပေးပါလို့ ဖိလစ်ပိုင် သမ္မတ ဂလိုရီယာအာရိုယို က မြန်မာစစ်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

အရင်သီတင်းပတ်က ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ ကျင်းပခဲ့တဲ့ အာဆီယံဆက်စပ် ထိပ်သီးညီလာခံမှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာအာရိုယို နဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ တွေ့ဆုံစဉ် အခုလို တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ မြန်မာစစ်အစိုးရရဲ့ ချစ်ကြည်ရေးဟာ အကြီးအကျယ် တိုးတက်စေပါလိမ့်မယ်လို့ သမ္မတ အာရိုယိုက ပြောဆိုပါတယ်။ ဖိလစ်ပိုင်သမ္မတ ရဲ့ ဒီတိုက်တွန်းချက်ကို မြန်မာစစ်အစိုးရအနေနဲ့ အလေးထားတဲ့အကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်ပြီးကျင်းပဖို့ စိုင်းပြင်းနေတယ်လို့ တုံ့ပြန်လိုက်တဲ့အကြောင်း ဖိလစ်ပိုင်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG