သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဂျလီမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် ၅ ဦး သေဆုံး


သောကြာနေ့ညက ဘီဂျလီဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်သွားရာမှာ လူ ၅ ဦး သေဆုံးပြီး လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိသွားခဲ့ပေမဲ့ အခုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေ့စဉ် လှုပ်ရှားသွားလာမှုတွေဟာ ပုံမှန်ပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။

အဆိုးရွားဆုံး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းဆိပ်ကမ်းနဲ့ ကော့ဘဇား ဆိပ်ကမ်း တို့ ဖြစ်ပြီး တနာရီ ၅၆ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ရွက်နဲ့မိုးထားတဲ့အိမ် ရာပေါင်းများစွာ ပျက်စီးသွား ခဲ့ရတယ် ဆိုပေမယ့် ကြိုတင်သတိပေးချက်တွေ၊ ကယ်ဆယ်ရေး ကြိုးပမ်းချက်တွေကြောင့် အပျက်အစီးတွေဟာ အနည်း အကျဉ်းသာ ဖြစ်တယ်လို့ အာဏာပိုင်တွေက မနေ့က ပြောခဲ့ပါတယ်။ လူပေါင်း ၂ သိန်းကျော် ယာယီတဲတွေထဲမှာ မှီခိုနေရ တယ် လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာပိုင်တွေက မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေက ပြည်သူတွေကို မုန်တိုင်း ကြောင့် ပင်လယ်လှိုင်းတွေ ကြီးလာနိုင်တာမို့ သတိထားကြဖို့ ကြိုတင်သတိပေးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်း အားပျော့သွား ပြီးတဲ့နောက် အခုလို သတိပေးချက်တွေကို ရုပ်သိမ်းလိုက်တာလို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG