သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတမိန့်ခွန်း ကုလကိုယ်စားလှယ်များ ကန့်ကွက်


ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာတဝန်း လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှု ဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) မိန့်ခွန်းပြောတဲ့အခါ ဒါဇင်နဲ့ချီတဲ့ ညီလာခံ ကိုယ်စားလှယ်တွေ ခန်းမထဲကနေ ထွက်သွားကြပါတယ်။

အစ္စရေးလ်နိုင်ငံ ထူထောင်တဲ့အပေါ်နဲ့ ပါလက်စတိုင်းတွေ အိုးအိမ်မဲ့ဖြစ်ရတာတွေ
အပေါ် အီရန်ခေါင်းဆောင်က ဝေဖန် ပြောကြားတာကို ကန့်ကွက်တဲ့အနေနဲ့
ဥရောပ နဲ့ ကနေဒါကိုယ်စားလှယ်တွေ ထွက်သွားကြတာပါ။

ခန်းမထဲမှာ ဆက်ရှိနေတဲ့ တခြားလူတွေကလည်း မစ္စတာ အမာဒီနီဂျက်ဒ်ကို
အော်ဟစ်ပြီး မိန့်ခွန်းကိုတားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် သူက နှောင့်ယှက်သူ တွေကို ပြုံးကြည့်ပြီး မိန့်ခွန်းကို ဆက်ပြောခဲ့ပါတယ်။ သူ့ကို ခန်းမတွင်းရှိနေတဲ့ တခြားလူတွေက လက်ခုပ်တီး သြဘာပေးခဲ့ကြပါတယ်။

အီရန်သမ္မတ မိန့်ခွန်း စပြောတဲ့အချိန်မှာ အရောင်စုံ ဆံပင်တုတပ်ထားတဲ့ ဆန္ဒပြသူနှစ်ယောက်ထဲက တယောက်က တခုခုနဲ့ ပစ်ပေါက်ခဲ့ပေမဲ့ အီရန်သမ္မတကိုတော့ မထိခဲ့ပါဘူး။ လုံခြုံရေးအစောင့်တွေက ဆန္ဒပြသူတွေကို ခန်းမထဲကနေ ဆွဲထုတ်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG