သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမီလ်ကျားသူပုန်များ လက်နက်ချရန် သီရိလင်္ကာ အစိုးရ ရာဇသံပေး


သီရိလင်္ကာနိုင်ငံမှာ တမီလ်ကျားသူပုန်တွေ နောက်ဆုံး ခြေကုပ်ယူထားတဲ့ ဒေသထဲကနေ အရပ်သား ထောင်ပေါင်းများစွာ ကို အစိုးရစစ်တပ်တွေ ခေါ်ထုတ်နိုင်ခဲ့ပြီးနောက် သူပုန်တွေ လက်နက်ချဖို့ ၂၄ နာရီ အချိန်ပေးမယ်လို့ သီရိလင်္ကာအစိုးရက ပြောလိုက်ပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာ သူပုန်တွေ လက်နက်ချရင်ချ၊ မချရင် စစ်ဆင်ရေးလုပ်မယ်လို့ သီရိလင်္ကာ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

စစ်သားတွေဟာ နိုင်ငံမြောက်ပိုင်းက သူပုန်နယ်မြေထဲ ထိုးဖောက်ဝင်ရောက်ပြီး အရပ်သားပေါင်း ၃၅,၀၀၀ ကို သူပုန် နယ်မြေထဲက ခေါ်ထုတ်ခဲ့တယ်လို့ သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပတ်က်စာ (Mahinda Rajapaksa) က ပြောပါတယ်။ အဲဒီဒေသထဲမှာ အရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

တမီလ် အသေခံဗုံးခွဲသမားတွေဟာ ဒီနေ့မှာ သူတို့နယ်မြေက ထွက်ပြေးလာတဲ့ အရပ်သားတွေကို တိုက်ခိုက်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ရတယ်လို့ သီရိလင်္ကာ စစ်ဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG