သုံးရလွယ်ကူစေသည့် Link များ

သီရိလင်္ကာစစ်တပ် ရာဇသံ တမီလ်ကျားသူပုန်တွေ လျစ်လျူရှု


သီရိလင်္ကာအစိုးရက လက်နက်ချဖို့ နောက်ဆုံးသတ်မှတ်ချိန်ကို လျစ်လျူရှုနေတဲ့ တမီလ်ကျားသူပုန်များရဲ့ နယ်မြေများကို အစိုးရစစ်တပ်က ပိုပိုပြီး သိမ်းပိုက်နေပြီလို့ ကြေညာလိုက်ပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ဘက် ကမ်းရိုးတန်း တောငယ်လေးထဲမှာ ပိတ်မိနေတဲ့ သူပုန်တွေကို အပြတ်ရှင်းဖို့ နောက်ဆုံးအဆင့် ကို ရောက်နေပြီလို့လည်း အစိုးရစစ်တပ်က ဆိုပါတယ်။

အဲဒီဒေသမှာ အရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေကြလို့လည်း အပြီးသတ်ထိုးစစ်ကြီး ဆင်လို့မရတာဖြစ်တယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်အတွင်း အရပ်သား ၅၂,၀၀၀ ကျော်ကို ဇုန်နယ်ကနေ ဘေးကင်းရာကို လွတ်မြောက်အောင် ကယ်တင်
နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လွတ်မြောက်လာကြတယ်ဆိုပေမဲ့ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းများရဲ့ စိုးရိမ်မှုကတော့ လျော့မသွားပါဘူး။ အခြေအနေကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ကပ်ဆိုက်နေပြီလို့ ခေါ်ဆိုလိုက်ပြီး အမေရိကန်နိုင်ငံ ကလည်း အဲဒီဇုန်အတွင်း မဆင်မခြင် ပစ်ခတ်နေကြတာတွေ နှစ်ဖက်စလုံးက ရပ်ကြပါလို့ တိုက်တွန်းထားပါတယ်။

အရပ်သား အသေအပျောက် တိုးနေတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းများ ၀င်လာနေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ၀ုဒ် (Robert Wood) က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG