သုံးရလွယ်ကူစေသည့် Link များ

တောင်အာဖရိကရွေးကောက်ပွဲ  အာဏာရ  ANC  အနိုင်ရဖွယ်ရှိ


တောင်အာဖရိကနိုင်ငံ အထွေထွေရွေးကောက်ပွဲ မဲရုံများ ပိတ်သွားချိန် အာဏာရ အာဖရိက နေရှင်နယ် ကွန်ဂရက် ANC ပါတီ ဟာ အသားအရောင် ခွဲခြားမှု ခေတ်နောက်ပိုင်း အကြီးအကျယ်ဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဗုဒ္ဓဟူးနေ့က မဲရုံတွေ ရှေ့မှာ မဲဆန္ဒရှင်တွေ ရှည်လျားစွာ တန်းစီနေကြပြီး မဲပေးကြသူများလွန်းလို့ တချို့ မဲရုံတွေမှာ မဲပြားတွေ ကုန်သွားတယ်လို့တောင် ဆိုပါတယ်။ မဲရုံများ ပိတ်တဲ့ ဒေသ စံတော်ချိန် ည ၉ နာရီ အချိန်အထိ မဲရုံရှေ့မှာ ရှိနေတဲ့ လူတွေအားလုံးကို မဲပေးခွင့်ပြုမယ်လို့ ရွေးကောက်ပွဲ တာဝန်ခံများက ပြောပါတယ်။ မနှစ်က ANC ပါတီက ခွဲထွက်ပြီး အသစ်ထူထောင်လိုက်တဲ့ COPE ပြည်သူ့ ကွန်ဂရက် ပါတီ ပေါ်ထွက်လာတဲ့အတွက် အားတက်မိကြောင်းလည်း တချို့မဲဆန္ဒရှင်များက ဆိုပါတယ်။ တကယ်လို့ ANC ပါတီ အနိုင်ရရင် ဂျက်ကော့ဇူးမား ( Jacob Zuma) ဟာ တောင်အာဖရိက နိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG