သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA နဲ့ KNU မတူညီ အခွင့်အရေး


မြန်မာနိုင်ငံ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ထဲမှာ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (United Wa State Army-UWSA) ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝကျင့်သုံးနိုင်ဆုံး၊ စစ်အင်အားအကောင်းဆုံး အဖွဲ့အစည်းတခုဖြစ်ပါတယ်။ စစ်အစိုးရက အခုလို ဝ တပ်ဖွဲ့ကို အခွင့်အရေးတွေ ပေးထားပေမယ့် တခြားတိုင်းရင်းသားအဖွဲ့များကို ဘာကြောင့် ဒီလိုအခွင့်အရေးမျိုး မပေးထားသလဲ။ တော်လှန်ရေးဝါ အရင့်ဆုံးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (Karen National Union - KNU) နဲ့ အစောပိုင်းကာလ စေ့စပ်စကားပြောခဲ့တုန်း KNU ကို စစ်အစိုးရက လက်နက်ချ အညံ့ခံ အရှုံးပေးရန်တိုက်တွန်းပြီး နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ မပြောတဲ့အတွက် KNU ူဖက်က လက်မခံ ပျက်ပြားခဲ့ရတယ်။ အခုလက်ရှိ ထိုင်းအစိုးရ ကြားဝင်စေ့စပ်မှုနဲ့ စစ်အစိုးရ နဲ့ KNU တို့ ပြန်လည်စကားပြောဆိုနိုင်ရင် UWSA လို အခွင့်အရေးမျိုး KNU ရလာနိုင်မယ့် အလားအလာ ရှိပါသလား။

ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO - PaO National Liberation Organization) ဥက္ကဌ ဗိုလ်မှုးကြီး ခွန်ဥက္ကာ နဲ့ ကချင်သတင်းဌာန အယ်ဒီတာ ဦးနော်ဒင် တို့ကို ဆက်သွယ်မေးမြန်းပြီး သူတို့ရဲ့ အမြင်သုံးသပ်ချက်များကို ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG