သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် ကရာဘာရူးများ


ဧပြီ ၂၅၊ ၂၀၀၉ - လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကစပြီး ကချင် နဲ့ ရှမ်းပြည်နယ်က တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ ဘိန်းကို အစားထိုးတဲ့အနေနဲ့ ရာဘာပင်တွေ စိုက်ပျိုးပါတယ်။ ထွက်သမျှ ကြက်ပေါင်စေးကို တရုတ်က ဝယ်မှာမို့ ရာဘာပင်စိုက်တာဟာ အကျိုးအမြတ်အရှိဆုံးလို့ ယူဆကြပါတယ်။ ဒါပေမယ့် ရာဘာပင်စိုက်တိုင်း ပြည်သူ့အတွက် အကျိုးရှိတာမဟုတ်ကြောင်း လွန်ခဲ့တဲ့ ဇန်နဝါရီလက နယ်သာလင်နိုင်ငံ Transnational Institute က ထုတ်ဝေခဲ့တဲ့ ရွှေတြိဂံနယ်မြေ အခြေအနေစာအုပ်မှာ ဖော်ပြထားပါတယ်။

ဘိန်းအစားထိုး စိုက်ပျိုးရေး အခြေအနေ၊ တရုတ်ကုန်သည်၊ မြန်မာစစ်ဗိုလ် နဲ့ ဒေသခံရွာသားတွ ပါဝင်နေတဲ့ ရာဘာလုပ်ငန်းအကြောင်း အပြည်အစုံကို ဒီတပတ် မျက်မှောက်ရေးရာအခန်းကဏ္ဍမှာ ဆောင်းပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာသတင်းဌာန) နဲ့အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG