သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေး အကျဉ်းသမားများ ကျန်းမာရေးအခြေအနေ


မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမားများရဲ့  ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာသတင်းများ ဒီရက်အတွင်းမှာ ထွက်ပေါ်နေပါတယ်။ ဗန်းမော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုအောင်သူရဲ့  ကျန်းမာရေးအခြေအနေ၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့  ကျန်းမာရေးအခြေအနေ၊ ကလေးထောင်မှာ အကျဉ်းကျနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ကျန်းမာရေးအခြေအနေ နဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံကျော်အနုပညာရှင် ကိုဇာဂနာ အကျဉ်းထောင်အတွင်းမှာ မူးမေ့လဲကျတယ်ဆိုတဲ့ သတင်းများ နဲ့ အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားများ ကျန်းမာရေး ဆိုးဆိုးရွားရွား ခံစားနေကြရပြီး ထောင်အာဏာပိုင်များက ဂရုမစိုက်၊ ထောင်ဆေးရုံး မရှိ၊ ထောင်ဆရာဝန်မရှိ၊ ဆေးဝါးကုသမှု မရရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသမားများရဲ့  ကျန်းမာရေး အထူးစိုးရိမ်ရကြောင်း ဦးဘိုကြည်က ပြောဆိုပါတယ်။

ဒီ နိုင်ငံရေးအကျဉ်းသမားများ ကျန်းမာရေး နဲ့ ထောင်တွင်းအခြေအနေများကို ပိုမိုသိရှိနိုင်ဖို့ ထိုင်းနိုင်ငံနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - မြန်မာနိုင်ငံ (Assistant Association for Political Prisoners - AAPP - Burma) တွဲဖက်အတွင်းရေးမှုး ဦးဘိုးကြည် ကို ဗွီအိုအေမြန်မာ သတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG