သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်း တနှစ်ပြည့်ဝတ်ပြု ဆုတောင်းပွဲတွေကျင်းပ


ပြီးခဲ့တဲ့ ၂၀၀၈ မေလက နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းအတွင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ တနှစ်ပြည့် အထိမ်းအမှတ် ဘာသာရေးအရ ဆုတောင်းဝတ်ပြုတာတွေ စတင်လုပ်ကိုင်နေပြီးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ တန်ခူးလဆုတ် ၁၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့တာ တနှစ်ပြည်ခဲ့ပေမယ့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ အကူအညီတွေ လိုအပ်နေဆဲပဲလို့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့သူတွေက ပြောပါတယ်။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့သူတွေဟာ နိုင်ငံတကာအကူအညီ၊ အစိုးရက ထောက်ပံ့တဲ့ အကူအညီနဲ့ ပုဂ္ဂလိက အလှုရှင်တွေကို အားကိုးနေခဲ့ရပေမယ့် ရန်ကုန်တိုင်း ကွမ်းခြံကုန်လို့ ရန်ကုန်နဲ့ သိပ်မဝေးတဲ့ ကျေးရွာတွေမှာတောင် အကူအညီအထောက်အပံ့ အလုံအလောက်မရတာကြောင့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေရတယ်လို့ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG