သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်ဆဲ


မြန်မာ၊ မြောက်ကိုရီးယား နဲ့ ဆူဒန်နိုင်ငံအပါအဝင် နိုင်ငံ ၁၃ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ကမ်းကုန်အောင် ချိုးဖောက်နေကြတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဘာသာရေးနဲ့ဆက်နွယ်ပြီး လူမသိသူမသိ ပျောက်ဆုံးနေတာတွေ၊ နှစ်ရှည် ထိန်းသိမ်းထောင်ချခံနေရတာတွေ၊ ဘာသာရေး လွတ်လပ်ခွင့်ကို လွန်လွန်ကဲကဲ ချိုးဖောက်နေကြတဲ့ အဲဒီ ၁၃ နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ Country of Particular Concern အထူး စိုးရိမ်ရတဲ့နိုင်ငံများအဖြစ် သတ်မှတ်ဖို့အတွက် အမေရိကန် ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က ထောက်ခံ အကြံပြုထားပါတယ်။

အဲဒီ ၁၃ နိုင်ငံကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆူဒန်၊ တရုတ်၊ အရေထရီးယား၊ အီရန်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂမန်နစ္စတန်၊ အုစဘေကစ္စတန် နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်နေရတဲ့ နိုင်ငံ ၁၁ နိုင်ငံကတော့ အာဖဂန် နစ္စတန်၊ ဘဲလာရုဇ်၊ ကျူးဘား၊ အီဂျစ်၊ အင်ဒိုနီးရှား၊ လာအို၊ ရုရှား၊ ဆိုမားလီးယား၊ တာဂျေကစ္စတန်၊ တူရကီ နဲ့ ဗင်နီဇွဲလား နိုင်ငံတို့ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG