သုံးရလွယ်ကူစေသည့် Link များ

သတင်းလွတ်လပ်ခွင့်ချိုးဖောက်မှု မြန်မာစာရင်းဝင်


၂၀၀၈ ခုနှစ် ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့်ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေမှာသာမက ဒေသတိုင်းမှာလိုလို ဆိုးရွား လာနေတယ်လို့ အမေရိကန်အခြေစိုက် သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့တဖွဲ့က ကြေညာပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် Freedom House အမည်ရှိတဲ့ အဲဒီအဖွဲ့က အစ္စရေး၊ အီတလီ နဲ့ ဟောင်ကောင်တို့ဟာ သတင်း လွတ်လပ်ခွင့်ကနေ တပိုင်းတစသာ လွတ်လပ်ခွင့်ရှိတော့တဲ့အဆင့်ကို ရောက်သွားတယ်လို့ ထောက်ပြထားပါတယ်။

Freedom House ရဲ့ အစီရင်ခံစာ ခန့်ခွဲမှုအယ်ဒီတာ ကရင် ကာလက်ကာ က နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို စူးစမ်းလေ့လာတဲ့အခါ အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ မြန်မာ၊ ကျူးဘား၊ အရစ်ထရီးယား၊ မြောက်ကိုရီးယား၊ လစ်ဗျား စတဲ့ နိုင်ငံတွေ
ပါဝင်ကြတယ်လို့ ထောက်ပြထားပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အထိမ်းအမှတ်နေ့ အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာလည်း သတင်း လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံများစာရင်းကို ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG