သုံးရလွယ်ကူစေသည့် Link များ

အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပြန်ဆက်ဦးမည်


ထိုင်းနိုင်ငံ ဖူးကက် (Phuket) အပန်းဖြေစခန်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးမှာ ထိုင်းစစ်တပ်က လုံခြုံရေးအတွက် တာဝန်ယူမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဇွန်လအတွင်း ကျင်းပဖို့ရှိပါတယ်။

ထိုင်းဒုဝန်ကြီးချုပ် Suthep Thaugsuban က ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် အာဆီယံနိုင်ငံက ခေါင်းဆောင် ၁၀ ဦးအပြင် အာဆီယံရဲ့ မဟာမိတ်နိုင်ငံ ၅ နိုင်ငံက ခေါင်းဆောင်တွေကို လုံခြုံရေးနဲ့ပတ်သက်ပြီး စိတ်ချဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ထိုင်းနိုင်ငံ ပတ္တယားမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အစိုးရဆန့်ကျင်သူတွေ ထိုးနှက် ၀င်ရောက် ခဲ့တာကြောင့် အစည်းအဝေး တက်ရောက်ခဲ့သူ နိုင်ငံခေါင်းဆောင်တွေကို ရဟတ်ယာဉ်တွေနဲ့ ဘေးလွတ်ရာကို ပို့ဆောင်ခဲ့ရ တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝဒ်ကို ထောက်ခံကြတဲ့ အနီရောင်အင်္ကျီဝတ် ဆန္ဒပြသူတွေက လုံခြုံရေးရဲတွေ စောင့်တဲ့ နေရာကို ဖြိုခွင်းပြီး ထိပ်သီးအစည်းအဝေး ကျင်းပရာ တည်းခိုခန်းထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ကလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG