သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၀၀၀ ကျော်သွားပြီ


ကမ္ဘာတဝန်း နိုင်ငံ ၂၀ မှာ A-H1N1 တုပ်ကွေးဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁,၀၀၀ကျော်သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြုလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ အဲဒီတုပ်ကွေးကူးစက်သူ လျော့သွားတာကြောင့် စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေကို ဗုဒ္ဓဟူးနေ့မှာ ပြန်ဖွင့်တော့မယ်လို့ စီစဉ်နေတဲ့အချိန်မှာ WHO က အခုလို အတည်ပြုလိုက်တာပါ။

မက္ကဆီကိုနိုင်ငံမှာရော ပြည်ပမှာပါ A-H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ လျော့သွားတာကိုကြည့်ပြီး ဒီတုပ်ကွေးကူးစက်တာ အဆုံးသတ်သွားပြီလို့ မဆိုလို ကြောင်း၊ နောက်ထပ် အရှိန်နဲ့ ထပ်ပြီး တပတ်ပြန်ကျော့လာနိုင်တယ်လို့ WHO အကြီးအကဲ ဒေါက်တာ မာဂရက် ချမ်း (Dr. Margaret Chan) က ဒီနေ့ ပြောဆို လိုက်ပါတယ်။

တကယ်လို့သာ A-H1N1 ဗိုင်းရပ်စ်ပိုး ဆက်ပြီး ပြန့်ပွားခဲ့မယ်ဆိုရင် ၂၁ ရာစုမှာ
အကြီးကျယ်ဆုံး ကူးစက်ရောဂါ ပြန့်ပွားမယ့်အန္တရာယ်ကို ရင်ဆိုင်ရပါလိမ့်မယ်
လို့လည်း ဒေါက်တာချမ်းက သတိပေးလိုက်ပါတယ်။

သူ့အနေနဲ့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှုကနေ ကပ်ရောဂါကြီး ဆိုက်လိမ့်မယ်လို့တော့
မခန့်မှန်းနိုင်ပေမယ့် ကြိုတင်ကာကွယ်ဖို့ လိုတဲ့အကြောင်း၊ ပိုပိုမိုမို ကြိုတင် ကာကွယ်ဖို့ ပြင်ဆင်ထားတာက မပြင်ဆင်ဘဲနေတာထက် ပိုစိတ်ချရတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG