သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြင်ပေးရင် ရွေးကောက်ပွဲကို အန်အယ်ဒီ စဉ်စားမည်


မြန်မာစစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်တွေကို ပြုပြင်ပေးမယ်ဆိုရင် ၂၀၁၀ ခုနှစ်အတွင်းမှာ စစ်အစိုးရ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စဉ်းစားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) က ပြောဆိုထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အန်အယ်ဒီ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်ဆင်ပေးရမယ်။ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး အားလုံး ညီတူ ပါဝင်ခွင့် ပေးရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း လေ့လာစောင့်ကြည့်ခွင့် ခွင့်ပြုပေးရမယ် ဆိုရင် ရွေးကောက်ပွဲ ပါဝင်ဖို့ စဉ်းစားမယ်လို့ အန်အယ်ဒီ က ကြေညာပြောဆိုခဲ့ပါတယ်။

ဒီအချက်တွေအပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ပြီးတဲ့အခါမှ ဒီ ဥပဒေတွေအပေါ်မှာ အကဲဖြတ်နိုင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်သင့်မသင့် စဉ်းစားဆုံးဖြတ်မယ်လို့လည်း အန်အယ်ဒီ က ပြောဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ နှစ် ရက်ကြာ ကိုယ်စားလှယ်စုံညီ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ ဒီ ကြေညာချက်ကို ရွှေဂုံတိုင် ကြေညာချက်ကို အန်အယ်ဒီ က နာမည်ပေးထားပါတယ်။

ဧပြီလ ၂၈ ရက်ကနေ့ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို အာဏာပိုင်တွေဖက်က အနီးကပ် စောင့်ကြည့်တာတွေရှိပေမယ့် နှောင့်ယှက်ပိတ်ပင်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ အန်အယ်ဒီ အဖွဲ့ဝင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG