သုံးရလွယ်ကူစေသည့် Link များ

တရုတ်နိုင်ငံရောက် မက္ကဆီကို နိုင်ငံသားတွေ စင်းလုံးငှားလေယာဉ်နဲ့ ပြန်ခေါ်ပြီ


ဗိုင်းရပ်စ်မျိုးရင်း A-H1N1 အမျိုးအစား ၀က်တုပ်ကွေး ကူးစက်မှာစိုးရိမ်လို့ သီးသန့်ခွဲခြားထားတဲ့ မက္ကဆီကိုနိုင်ငံသား အယောက် ၇၀ ကို တရုတ်နိုင်ငံ မြို့တွေက လိုက်ခေါ်ဆောင်ရအောင် မက္ကဆီကိုလေယာဉ် ဒီနေ့ တရုတ်နိုင်ငံကို ဆိုက်ရောက်သွားခဲ့ပါတယ်။

သီးခြားခွဲထုတ်ထားတဲ့ တခြားနိုင်ငံခြားသားတွေလည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့ပဲ ထွက်လာခဲ့ပါတယ်။ ကနေဒါ တက္ကသိုလ်ကျောင်းသား ၂၅ ယောက်ကိုလည်း တရုတ်နိုင်ငံမြောက်ပိုင်းမှာ သီတင်းတပတ်ကြာ ခွဲထားခဲ့ပြီး အမေရိကန် နိုင်ငံသား ၂ ဦးကိုတော့ ဘေဂျင်းမြို့တော်က ဆင်ခြေဖုံး ဟိုတယ်တခုမှာ ခွဲထားပါတယ်။

တရုတ်အစိုးရကတော့ သူတို့အနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာဟာ အများပြည်သူ ကျန်းမာရေးအတွက် ဖြစ်တယ် လို့ ဆိုပေမဲ့ တရုတ်အစိုးရရဲ့ ရောဂါမပြန့်ပွားအောင် လုပ်ဆောင်တဲ့နည်းက တရားလွန်ဖြစ်နေတယ်၊ အငြင်းပွားစရာရှိတယ် ဆိုပြီး မြင်ကြပါတယ်။

နေမကောင်းတဲ့လက္ခဏာ တခုမှမရှိဘဲ မက္ကဆီကို နိုင်ငံသားတွေကို သီးသန့်ခွဲထုတ်ထားတာကြောင့် တရုတ်အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နည်းလမ်းတွေက ခွဲခြားဆက်ဆံမှုကို ဖြစ်စေတယ်လို့ မက္ကဆီကိုသမ္မတ ဖိလစ်ပီ ကယ်လ်ဒါရွန် (Felipe Calderon) က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း ဒုတိယမြောက် ရောဂါကူးစက်မှုကို အတည်ပြုလိုက်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG