သုံးရလွယ်ကူစေသည့် Link များ

ဝက်တုပ်ကွေးကူးစက်မှု အာရှနိုင်ငံတွေဆွေးနွေးမည်


အာရှမှာတော့ စီးပွါးရေး ကို မထိခိုက်စေဘဲ၊ အိပ်ခ်ျဝမ်းအင်န်ဝမ်း တုပ်ကွေး ကို ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့ အစည်းအဝေးတစ်ရပ် ကို ထိုင်းနိုင်ငံ မှာ ကြာသပတေးနေ့ က စ ကျင်းပမှာဖြစ်ပါတယ်။ အာဆီယန် ၁၀ နိုင်ငံ နဲ့ တရုပ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ က ၀န်ကြီးတွေ နဲ့ အရာရှိကြီးတွေ တက်ရောက်ကြပါလိမ့်မယ်။

ဒေသတွင်း စီးပွါးရေး အပေါ် ထိခိုက်လာနိုင်ဖွယ် ရှိတာတွေ ကို ကန့်သတ်ဖို့ က ဒီ အစည်းအဝေး ရဲ့ ပဓာန ရည်ရွယ်ချက် ဖြစ်ပါတယ် လို့ ထိုင်းနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန အရာရှိတွေ က ပြောပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ နဲ့ ပတ်သက်တဲ့ နယ်ပယ်တွေ မှာ ထိခိုက်လာနိုင်တာတွေ ဖြစ်ပါတယ်။

တုပ်ကွေး ပျံ့နှံလာတဲ့အချိန်၊ ခရီးသွား အကြံပေးချက်တွေ ထုတ်ပြန်တဲ့အခါ၊ တိုင်းပြည် တစ်ပြည်လုံး ကို ခရီးသွား ကန့်သတ်တာမလုပ်ဘဲ၊ ဆိုင်ရာ နယ်မြေ ကို ပဲ ကန့်သတ်ဖို့ အဆိုပြုထားပါတယ်လို့ ကာကွယ်ရေး ဆေးပညာ ကျွမ်းကျင်သူ ဒေါက်တာ ခမ်းနွမ်း အန်ချူဆက်ခ် က ပြောပါတယ်။

အမေရိကန် နိုင်ငံ ကျန်းမာရေး နဲ့ ကျန်းမာရေး ကိစ္စများ ၀န်ဆောင်မှုလုပ်ငန်း ၀န်ကြီး Kathleen Sebelius၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန်းတို့ ကလည်း အဲဒီ အစည်းအဝေး ကို ဗွီဒီယိုကတဆင့် စကားပြောဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG