သုံးရလွယ်ကူစေသည့် Link များ

၂၀၁၀ စစ်အစိုးရ ရွေးကောက်ပွဲအပေါ် ဆွေးနွေးသုံးသပ်


လာမယ့် ၂၀၁၀ ခုနှစ်မှာ စစ်အာဏာရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပလုပ်ကိုင်ဖို့ ပြင်ဆင်လျှက်ရှိပါတယ်။ ဒီရွေးကောက်ပွဲကနေ ရရှိမယ့်အခွင့်အလမ်းကို စစ်တပ်အနေနဲ့ တိုင်းပြည်အတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချနိုင်မလဲ၊ နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုအနေအထားမျိုးနဲ့ ပါဝင်လှုပ်ရှားနိုင်တဲ့ အခွင့်အရေးများ ရှိသလဲ၊ အတိုက်အခံအင်အားစုများအနေနဲ့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်လုပ်ဆောင်သင့်သလား၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကို ဆန့်ကျင့်သင့်သလား၊ အခွင့်အလမ်းတရပ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မလား၊ စစ်အာဏာရှင်အစိုးရရဲ့ မူဝါဒပြောင်းလဲလာနိုင်မယ့် အခြေအနေရှိသလား စတဲ့ အကြောင်းအရာတွေကို မြန်မာပြည်သူလူထု သိရှိသုံးသပ်နိုင်ဖို့ ဒီတပါတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ (ဗွီအိုအေ) က ထိုင်းနိုင်ငံအခြေစိုက် မြန်မာအရေးလေ့လာသုံးသပ်နေသူ ဦးအောင်သူငြိမ်း နဲ့ တရုတ်နိုင်ငံအခြေစိုက် ရဲဘော်ဖိုးသံချောင်း (ဗမာပြည်ကွန်မြူနစ်ပါတီ) တို့ကို ဆက်သွယ် ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG