သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ မြှင့်တင်ရေးအကူအညီ


အမေရိကန်အစိုးရတွေ အပြောင်းအလဲဖြစ်ပြီး နိုင်ငံခြားရေးလမ်းစဉ်မှာ အပြောင်းအလဲတွေ ရှိလာပေမယ့် ဒီမိုကရေစီ မြှင့်တင်ရေးကိစ္စမှာတော့ တူညီနေကြတာ တွေ့ရပါတယ်။ အမေရိကန်အစိုးရတွေမှာ လုပ်နည်းကိုင်နည်း ကွဲပြားနိုင်ပေမယ့် ဒီမိုကရေစီ မြှင့်တင်ရေးဆိုတဲ့ ရည်ရွယ်ချက်ဟာ အတူတူ ဖြစ်နေကြောင်း မျက်မှောက်ရေးရာ ဆောင်းပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာသတင်း) နဲ့ အတူ သုံးသပ်တင်ပြထားပါတယ်။

ကောက်နုတ်ချက် - မြန်မာပြည်နဲ့ပတ်သက်တဲ့ အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်ဟာ ရည်ရွယ်ချက် မအောင်မြင်တဲ့အတွက် ဘာရက် အိုဘားမား (Barack Obama) အစိုးရက ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ ဆီနတ်အထက်လွှတ်တော် (US Senate) ကလည်း ပြန်လည်ဆန်းစစ်နေပါတယ်။ ဒီမိုကရေစီ ပြန့်ပွားရေးဟာ အမေရိကန်နိုင်ငံရေး လမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါဝင်လာတာ အနှစ် (၃၀) ရှိပါပြီ။ ဒီမိုကရေစီမြှင့်တင်ရေးအတွက် နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုပါတယ်။

ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်တယ် မဖော်နိုင်ဘူးဆိုတာ ခန့်မှန်းရခက်ပေမယ့် အမေရိကန်အစိုးရတွေဟာ မူဝါဒအရ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဈေးကွက် လွတ်လပ်မှုဟာ အပြန်အလှန်အကျိုးပြုနေတာမို့ လွတ်လပ်တဲ့ ဈေးကွက်နဲ့ နိုင်ငံရေး လွတ်လပ်မှုရှိတဲ့ တိုင်းပြည်ဟာ အကောင်းဆုံး ကုန်သွယ်ဖက် ဖြစ်တယ်ဆိုတဲ့ အယူအဆပါပဲ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG