သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူစလင်ကမ္ဘာနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ သမ္မတအိုဘားမား အီဂျစ်သွားမည်


မူစလင်ကမ္ဘာကို မိန့်ခွန်းစကားပြောကြားဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ရှေ့လ အီဂျစ်နိုင်ငံကို ခရီးထွက်ပါလိမ့် မယ်။ အီဂျစ်နိုင်ငံဟာ ဘယ်နည်းနဲ့မဆို အာရပ်ကမ္ဘာရဲ့ ဗဟိုချက်မ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ရောဘတ်ဂိတ် က သောကြာနေ့မှာ ပြောဆိုပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံနဲ့ မူစလင်ကမ္ဘာ ဆက်ဆံရေးကို ရှင်းလင်း ပြောဆိုဖို့ ဒီခရီးဟာ အခွင့်ကောင်းတရပ် ဖြစ်လိမ့်မယ်လို့လည်း သူက ဆက်လက် ပြောဆိုပါတယ်။

သမ္မတ အိုဘားမားဟာ အီဂျစ်နိုင်ငံကနေ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံများကိုလည်း ခရီးဆက်ပါလိမ့်မယ်။ နှစ်ဖက်အကျိုးစီးပွားနဲ့ အပြန်အလှန် လေးစားမှုအပေါ် အခြေခံပြီး မူစလင်ကမ္ဘာနဲ့ ဆက်ဆံရေးသစ်တရပ် ဖွင့်သွားမယ်လို့ သမ္မတ အိုဘားမား က ကတိပေးပြုခဲ့ပြီးဖြစ်ပါတယ်။ ဇန်နဝါရီလမှာ သမ္မတအဖြစ် ရုံးထိုင်ကတည်းက ဘားရက်အိုဘားမားဟာ ဂွာတာနာမို အကျဉ်း စခန်းကို တနှစ်အတွင်းပိတ်ဖို့နဲ့ ကြမ်းတမ်းခက်ထန်စွာ စုံစမ်းစစ်ဆေးနည်းများ ပိတ်ပင်ဖို့ ဆုံးဖြတ်ထားတာကို မူစလင်ကမ္ဘာက ကြိုဆိုခဲ့ပါတယ်။

ဧပြီလတုန်းကလည်း အမေရိကန်သမ္မတ ဟာ တူရကီနိုင်ငံသို့ သွားရောက်ပြီး ပါလီမန်မှာ မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG