သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ ဝက်တုပ်ကွေး စဖြစ်နေပြီ


ဂျပန်နိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ ဖြစ်သူများ ပထမဆုံးအကြိမ် ရှိနေပြီလို့ အတည်ပြုကြေညာပါတယ်။ ကျောင်းဆရာ တယောက်နဲ့ အထက်တန်းကျောင်းသား နှစ်ယောက်တို့မှာ H1N1 ရောဂါပိုး တွေ့ရှိရတယ်။ အမေရိကန်နိုင်ငံ မစ်ချီကန် ပြည်နယ် ဒီထရွိတ်မြို့ကပြန်အလာ တိုကျိုကို အရောက် တုပ်ကွေးရောဂါ ဖြစ်နေလို့ သူတို့ကို ဆေးရုံတင်ထားရကြောင်း ဂျပန် ကျန်းမာရေးဌာနက ဆိုပါတယ်။

သူတို့ခရီးစဉ်အတွင်း ကနေဒါနိုင်ငံကိုလည်း ဝင်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံမှာလည်း H1N1 ဝက်တုပ်ကွေး ရောဂါ ဖြစ်နေသူတယောက် သေဆုံးသွားပါတယ်။ အသက် ၃၀ အရွယ်ရှိ အဲဒီအမျိုးသမီးမှာ တခြားရောဂါများလည်း ရှိနေတာ မို့ သေဆုံးရတဲ့နေရာမှာ အဲဒီ ဝက်တုပ်ကွေးရောဂါက ဘယ်လောက်အထိ ပါဝင်လဲဆိုတာ သေချာမသိရဘူးလို့ ကျန်းမာရေး တာဝန်ခံများက ပြောဆိုပါတယ်။

မက္ကဆီကိုမှာ နောက်တယောက် သေဆုံးပြန်လို့ ဝက်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ ၄၅ ယောက် ရှိသွားပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ရောဂါပိုး ငြိနေသူ ၂,၅၀၀ လောက်ရှိပြီး အများစုကတော့ မက္ကဆီကို နဲ့ အမေရိကန်နိုင်ငံ မှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG