သုံးရလွယ်ကူစေသည့် Link များ

မြန်မာတံငါသည် ၂ ဦး သြစတြေးလျမှာ ခိုလှုံခွင့်ရ


ပင်လယ်ထဲမှာ ၂၅ ရက်ကြာအောင် ရေခဲပုံးကြီးတခုထဲမှာ မျောနေခဲ့တဲ့ မြန်မာသင်္ဘောသား ၂ ယောက်ကို သြစတြေးလျ နိုင်ငံက သူတို့နိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက သြစတြေးလျ နိုင်ငံ မြောက်ပိုင်းက Thursday Island နဲ့ မိုင် ၇၀ လောက်အကွာ ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ ဒီသဘောင်္သား ၂ ယောက်ကို ကင်းလှည့် လေယာဉ်က ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းက သူတို့ရဲ့ ငါးဖမ်းသင်္ဘော မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်ပါလာတဲ့ ကျန်တဲ့သင်္ဘောသားတွေ အကုန်လုံး သေဆုံးသွားခဲ့တယ်လို့ သူတို့က ပြောပါတယ်။ သူတို့က မိုးရေနဲ့ အနားက ပျံသွားတဲ့ ငှက်တွေကကျလာတဲ့ ငါးတွေကို စားပြီး အသက်ရှင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝေဖန်သူတွေကတော့ သူတို့ ၂ ယောက်ကို ကယ်တင်လိုက်တဲ့ အချိန်မှာ သူတို့ရဲ့ ကျန်းမာရေးဟာ အတော်လေးကို ကောင်းမွန်နေတာကြောင့် သူတို့ပြောတာကို သံသယဖြစ်နေကြပါတယ်။

ဒီ မြန်မာသင်္ဘောသား ၂ ယောက်ဟာ လူသားချင်းစာနာတဲ့ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သူ ၅ ယောက်အဖွဲ့ထဲက ၂ ယောက်ဖြစ်ပါတယ်။ သူတို့ကို သြစတြေးလျနိုင်ငံအနောက်ပိုင်း ဒါမှမဟုတ် တောင်ပိုင်းကို ပြောင်းရွှေ့နေရာ ချထားပေးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG