သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားများ ဘေးလွတ်ရာ ထွက်ခွာနိုင်ရေး ပါကစ္စတန် အာဏာပိုင်များ ခွင့်ပြု


ပါကစ္စတန်နိုင်ငံမှာ တာလီဘန်တွေကို အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ အနောက်မြောက်ဒေသက ထောင်ပေါင်းများစွာသော အရပ်သားတွေကို ဘေးလွှတ်ရာ သွားနိုင်ဖို့ ပါကစ္စတန် အာဏာပိုင်တွေက ခွင့်ပြုခဲ့ပါတယ်။ အာဏာပိုင်တွေက ညမထွက်ရ အမိန့်ကို တနင်္ဂနွေနေ့မှာ ယာယီ ဖယ်ရှားပေးခဲ့တာကြောင့် စွာ့တ်တောင်ကြားဒေသမှာ နေထိုင်ကြသူတွေဟာ ကားနဲ့ သွားသူ က သွား၊ ခြေလျင်သွားသူက သွားနဲ့ တိုက်ပွဲကြားကနေ လွတ်အောင်သွားနေကြပါတယ်။

လူ ၅ သိန်းလောက် အိုးအိမ်ပစ် ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ခန့်မှန်းပါတယ်။ အများစုဟာ အနောက်မြောက် ဖရန်တီယာပြည်နယ်က ဒုက္ခသည်စခန်းတွေဆီ ဦးတည် ထွက်ပြေးနေကြတာပါ။ အစ္စလမ် မာဘတ် မြို့တော်နဲ့ မိုင် ၆၀လောက်ပဲ ဝေးတဲ့ နေရာတခုကို တာလီဘန်တို့ ထိန်းချုပ်ပြီး နောက်ပိုင်း ကြာသပတေးနေ့ ကတည်းက ပါကစ္စတန်စစ်တပ်ဟာ လေကြောင်းအကူအညီနဲ့ တာလီဘန်တွေကို အပြည့်အ၀ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG