သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုခြံထဲ ကျူးကျော်မှု လုံခြုံရေးအတွက် အန်အယ်ဒီ စိုးရိမ်


နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းအတွင်းကို နိုင်ငံခြားသားတဦး တိတ်တဆိတ် ရေကူးဝင်သွားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။

အမေရိကန်နိုင်ငံသား တဦးဖြစ်တဲ့ ဂျွန်ဝီလီယန် ရတ်တော (John William Yeattaw) ကို မေလ ၆ ရက်နေ့ နံနက် စောစော အချိန်မှာ အင်လျားကန်ထဲမှာ ရေကူးနေတာကို အာဏာပိုင်များက တွေ့ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲမှာ လျို့ဝှက် တိတ်တဆိတ် နှစ်ရက်ခန့် နေထိုင်ခဲ့တယ်လို့ မြန်မာစစ်အစိုးရ သတင်းစာက ဖော်ပြထားပါတယ်။

ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားရဲ့ လုပ်ဆောင်ချက်နဲ့ ရည်ရွယ်ချက်တွေကို တာဝန်ရှိသူတွေက ဆက်လက် စစ်ဆေး နေတယ်လို့လည်း မြန်မာစစ်အစိုးရက ပြောဆိုပါတယ်။

လုံခြုံရေးအစောင့်အကြပ်တွေ စောင့်ကြပ်နေပြီး အာဏာပိုင်တွေ ခွင့်မပြုရင် သွားရောက်ခွင့်မရှိတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက်ရဲ့ နေအိမ်ကို အခုလို ဝင်ရောက်တဲ့အထိ ဖြစ်ရတာမို့ ဒီအဖြစ်အပျက်အပေါ် စိုးရိမ်တဲ့အကြောင်း အန်အယ်ဒီ က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG