သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး တိုင်းရင်းသားတွေ စဉ်းစားဆဲ


မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ အဖြစ် ပြောင်းလဲဖို့ မြန်မာစစ်အစိုးရဘက်က ကမ်းလှမ်းထားတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေကြား စဉ်းစား နေဆဲပဲလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲပြီး လစာနဲ့ရိက္ခာ ထောက်ပံ့ပေးမယ်လို့ စစ်အစိုးရဘက်က မကြာသေးခင်က ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ကယားပြည်နယ်က ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့ကတော့ ဇွန်လမှစလို့ တပ်ဖွဲ့ဝင်တွေ အတွက် မြန်မာစစ်အစိုးရဘက်ကပေးတဲ့ လစာယူပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့အဖြစ်ပြောင်းဖို့ သဘောတူညီခဲ့တယ်လို့ တိုင်းရင်းသားသတင်းရပ်ကွက်က ပြောဆိုပါတယ်။

ကချင်၊ ဝ စတဲ့ အပတ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အဖွဲ့အစည်းအတွင်း ပြန်လည် တိုင်ပင်ဖို့ နဲ့ လူထုသဘောထား ရယူရမယ်လို့ မြန်မာစစ်အစိုးရကို ပြန်လည် အကြောင်းပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG