သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ဝက်တုပ်ကွေး ဗိုင်းရပ် ကူးစက်ခံရသူ လူ ၄၀၀၀ ကျော်ပြီ


အခုလတ်တလောမှာ ဖြစ်နေတဲ့ H1N1 ဝက်တုပ်ကွေးရောဂါနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေကို WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က နောက်ထပ် အသစ် ထုတ်ပြန်လိုက်ပါတယ်။ ပထမ တခု ထုတ်ပြန်ပြီး နောက်တရက်အကြာမှာ ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ ၂၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ တရားဝင် အတည်ပြုနိုင်တဲ့ ဝက်တုပ်ကွေး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၃၇၉ ယောက်ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။ ပထမ ထုတ်ပြန်တဲ့ ၃၄၄၀ယောက် ကနေ နောက်ထပ် ၁၀၀၀ လောက် ထပ်တိုး လာတာဖြစ်ပါ တယ်။ ကော့စတာရီကာ နိုင်ငံက သူတို့ဆီမှာ ဝက်တုပ်ကွေး ရောဂါပိုးကြောင့် ပထမဆုံးအနေနဲ့ လူ တယောက် သေဆုံးခဲ့ တယ်လို့ စနေနေ့က ကြေငြာလိုက်ပါတယ်။ စနေနေ့မှာပဲ မက္ကဆီကိုနိုင်ငံကလည်း နောက်ထပ် ၃ ယောက် သေဆုံး ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန် အနောက်မြောက်ပိုင်းမှာ ဝက်တုပ်ကွေး ရောဂါနဲ့ ဆက်စပ်ပြီး တတိယမြောက် သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဝါရှင်တန် ပြည်နယ်က ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။ အဲဒီသေဆုံးသွားတဲ့ အမျိုးသားဟာ သေဆုံးတဲ့ အချိန်မှာ နှလုံးနဲ့ အဆုပ် မှာ ရောဂါရှိနေတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG