သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နွယ်ဖွား အမေရိကန် သတင်းထောက် ပြန်လွတ်လာ


အီရန်နွယ်ဖွား အမေရိကန် အမျိုးသမီး သတင်းသမား ရော့က်စ်ဆန်နာ ဆာဘရီ
(Roxana Saberi) တီဟီရန်မြို့ အီဗန်အကျဉ်းထောင်က လွတ်လာပြီလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုပြီး ထောင်ဒဏ် ၈ နှစ် ကျခံနေရာက
အယူခံရုံးက ထောင်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ကို လျှော့ချလိုက်ပြီးနောက်
တနင်္လာနေ့မှာ လွတ်လာတာဖြစ်တယ်လို့ မစ္စဆာဘရီရဲ့ ရှေ့နေနဲ့ သူမရဲ့ဖခင်တို့က
ရှင်းပြပါတယ်။

တနင်္ဂနွေနေ့မှာ အယူခံဝင်စဉ် သူမရဲ့ပြစ်ဒဏ်ကို လျှော့ချခဲ့ကြောင်း အစိုးရသတင်း
မီဒီယာများကလည်း အတည်ပြုပါတယ်။ ဇန်နဝါရီလကတည်းက ထောင်သွင်း
အကျဉ်းချခံနေရတဲ့ သမီးကို ထောင်ဝမှာ သွားစောင့်နေတယ်လို့ ဖခင်ဖြစ်သူ ရီဇာ
ဆာဘရီ (Reza Saberi) က ဆိုပြီး သားအဖနှစ်ယောက် ရက်ပိုင်းအတွင်း အမေရိကန်
နိုင်ငံကို ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဆက်ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် အလွတ်သတင်းထောက် မစ္စဆာဘရီအပေါ် သူလျှိုလုပ်မှု
စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ သူမရဲ့ မိသားစုနည်းတူ အမေရိကန်အစိုးရကလည်း
ဆိုလိုက်ပြီး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများက
လည်း သူမဘက်က ရပ်တည်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG