သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဒုက္ခသည်တွေအတွက် ကုလ အထောက်အပံ့များ ပို့ဆောင်


ပါကစ္စတန်နိုင်ငံမှာ တာလီဘန်တွေကို ချေမှုန်းနေတဲ့ စစ်ဆင်ရေးအတွင်း ဘေးလွတ်ရာ
ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေအတွက် တန်ချိန်ပေါင်း ၁၂၀ ရှိတဲ့ လူသားချင်း
စာနာမှုဆိုင်ရာ အထောက်အပံ့တွေကို လေကြောင်းကနေ ကြဲချပေးမယ်လို့ ကုလ
သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ
အိုးအိမ်ပစ် ထွက်ပြေးနေကြရတဲ့ လူတွေရဲ့
ပမာဏဟာ အလျင်အမြန် များလာနေလို့
လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုတွေ
အမြန်ဆုံး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ အကြီးအကဲ
အန်တိုနီယို ဂူးတာရပ်စ် (Antonio Guterres)
က ပြောပါတယ်။

လေကြောင်းကနေ ကျဲချပေးမယ့် ပစ္စည်းတွေ
ထဲမှာ အမေရိကန်ဒေါ်လာ ၅၈၄,၀၀၀ ဖိုး
ပလတ်စတစ် အမိုးအကာတွေ၊ ယာယီအသုံး
အဆောင် ပစ္စည်းတွေနဲ့ ခြင်ထောင်တွေပါဝင်မှာ ဖြစ်ပါတယ်။ အိမ်ခြေယာမဲ့ဖြစ်နေတဲ့
ဒုက္ခသည်တွေအတွက် အမေရိကန်ကလည်း ဒေါ်လာ ၄.၉ သန်းဖိုး အရေးပေါ် အကူ
အညီတွေ ပေးမယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။

နောက်ဆုံးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းက လွတ်မြောက်လာတယ်လို့ စာရင်းပေးသူ
ပေါင်း ၃၆၀,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါ
တယ်။ အနောက်မြောက်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးသဘောတူချက် ပျက်ပြားခဲ့ပြီး
နောက် တာလီဘန်တွေအပေါ် မြေပြင်ကနေ ထိုးစစ်ဆင်မှုကို ပါကစ္စတန်စစ်တပ်က
ပြီးခဲ့တဲ့သီတင်းပတ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆွာ့တ် (Swat) တောင်ကြားဒေသမှာ
တိုက်ပွဲတွေဟာ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG