သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် အမေရိကန်ပိတ်ဆို့မှု သက်တမ်းတိုး                               


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား က နောက်ထပ် သက်တမ်းတစ်နှစ် တိုးလိုက်ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ အိုဘားမားက သောကြာနေ့မှာ အကြောင်းကြားခဲ့တာပါ။ စစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို အကြီးအကျယ် အင်အားသုံး နှိမ်နှင်းနေတယ်လို့ သမ္မတ ဘားရက်အိုဘားမားက ပြောပါတယ်။

စစ်အစိုးရရဲ့ မူဝါဒနဲ့ လုပ်ရပ်တွေဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက် ခြိမ်းခြောက် နေတယ်လို့လည်း သူကဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် လက်ရှိ အရေးပိတ်ဆို့ အရေးယူထားတာကို နှစ်စဉ်ပြန်လည် သက်တမ်းတိုးရပါတယ်။ ဒါကြောင့် သက်တမ်းတိုးခဲ့တာပါ။

XS
SM
MD
LG