သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ ကွန်ဂရက်ပါတီဦးဆောင် ညွန့်ပေါင်းအဖွဲ့ အနိုင်ရ


အိန္ဒိယနိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ အနိုင်ရလို့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဒုတိယသက်တမ်း ထမ်းဆောင်ဖို့ လုပ်ဆောင်နေပါပြီ။ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီနဲ့အတူ စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ မန်မိုဟန်ဆင်း က အိန္ဒိယလူထုအနေနဲ့ သူတို့ရဲ့ သဘောထားကို ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်ပြီလို့ ဆိုပါတယ်။ ဆိုနီယာဂန္ဒီကလည်း လူထုအနေနဲ့ မှန်ကန်စွာ ရွေးချယ်ခဲ့ကြောင်း ပြောဆိုပါတယ်။

ဟိန္ဒူ အမျိုးသားရေးပါတီ ဘရာတီယာ ဂျနာတာ ပါတီကို ဦးဆောင်တဲ့ အဓိက အတိုက်အခံတို့ကလည်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း စနေနေ့မှာ အတည်ပြုပါတယ်။ လူထုရဲ့ ဆန္ဒသဘောထားကို မိမိတို့ လက်ခံပါတယ်လို့ BJP ပါတီ တာဝန်ခံ တဦးက သတင်းထောက်များကို ပြောဆိုပါတယ်။

အထက်လွှတ်တော်ကိုယ်စားလှယ် ၅၄၃ ဦးပါရှိတဲ့ အိန္ဒိယပါလီမန်မှာ အာဏာရ ကွန်ဂရက်ပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၆၀ ကျော် ရရှိပြီး BJP က ၁၆၀ ရရှိလို့ ကွန်ဂရက်နဲ့ မဟာမိတ်များ မျှော်လင့်ထားတာထက် ပိုမိုရရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG