သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူပုန်တွေကို အနိုင်ရပြီလို့ သီရိလင်္ကာသမ္မတ ပြောဆို


သီရိလင်္ကာနိုင်ငံမှာ ၂၅နှစ်ကျော်ကြာ ပဋိပက္ခဖြစ်နေတဲ့ တမီလ်းကျားသူပုန်တွေကို စစ်တပ်က အောင်နိုင်လိုက်ပြီလို့ သီရိလင်္ကာသမ္မတက ပြောလိုက်ပါတယ်။

သူပုန်တွေရဲ့ရိုင်းစိုင်းမှုနဲ့ သူပုန်တွေ လွတ်မြောက်ရာ နိုင်ငံဆီကို ပြန်ရတော့မယ်လို့ ဂျော်ဒန်နိုင်ငံရောက်နေတဲ့ သမ္မတက စနေနေ့မှာ မိန့်ခွန်းပြောသွားတာပါ။ ကမ်းရိုးတန်းဒေသက ကျဉ်းမြောင်တဲ့ နေရာသေးသေးလေးထဲမှာ ကျန်ရစ်နေသေးတဲ့ သူပုန်တွေကို စစ်တပ် တပ်မကြီးနှစ်ခုက ပိတ်ဆို့ထားတယ်လို့ စစ်တပ်က ပြောပါ တယ်။

တမီလ်းကျားသူပုန် ထိပ်တန်းခေါင်းဆောင်နှစ်ဦးဟာ ကျဆုံးသွားပြီး၊ အစိုးရတပ်တွေ အနေနဲ့ ကမ်းရိုးတန်းဒေသတခုလုံးကို ထိန်းထားနိုင်ပြီလို့ တပ်က ကြေညာပါတယ်။ နိုင်ငံမြောက်ပိုင်းက စစ်မြေပြင်မှာတော့ တပ်ပွဲတွေ ဆက်ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG