သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန် ပြန်လွတ်ပြီ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို ၁၀ရက်ကြာ ထိန်းသိမ်းထားရာကနေ စနေနေ့က အာဏာပိုင် တွေကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံသား ဂျွန်ယက်ထော ဒေါ်အောင်ဆန်းစုကြည် အိမ်ဝင်းထဲ ခိုးဝင်တာကို ဖမ်းဆီးခဲ့တဲ့ နောက်တရက် ၇ရက်နေ့မှာ ဒေါက်တာ တင်မျိုးဝင်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ တင်မျိုးဝင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ မစ္စတာယက်ထောနဲ့ ပတ်သက်မှု ရှိမရှိ အခုထိ မသိရသေးပါဘူး။ အခုတော့ ဒေါက်တာ တင်မျိုးဝင်းဟာ ကျန်းကျန်းမာမာ ရှိကြောင်: သူ့မိသားစုက ပြောကြားခဲ့ပါတယ်။ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်း ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါလျှောက်ထားရာကနေ သူ့ရဲ့ ရှေ့နေ လိုင်စင် ရုပ်သိမ်းခံလိုက်ရပါတယ်။ ရှေ့နေကြီး ဦးခင်မောင်ရှိန်လည်း သောကြာနေ့က လိုင်စင်ရုပ်သိမ်းခြင်း ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG