သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို ဖြတ်ပြီး ဘင်္ဂလားဒေ့်ရ်ှ တရုတ် ကားလမ်းဖောက်မည်


တရုတ်နိုင်ငံ နယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်သွယ်နိုင်မယ့် ကားလမ်း ဖောက်လုပ်ဖို့ ကိစ္စကို မြန်မာနဲ့ တရုတ်နိုင်ငံ တို့ဘက်က စိတ်ဝင်စားမှု ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ပါတယ်။ ဒီလမ်းဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆက်သွယ်မှာဖြစ်ပြီး၊ မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံ အထိ ရောက်မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီဟာ၊ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ ဒီကိစ္စကိုဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဖြစ်တဲ့ မစ္စမိုနီနဲ့ ဦးဉာဏ်ဝင်းတို့ဟာ နေပြည်တော်မှာ စနေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။ နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံကြားမှာ ဖန်ကြိုးမျှင် ဆက်သွယ်ရေးကိစ္စနဲ့ တခြား နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံက သတင်းစာတစောင်ဖြစ်တဲ့ DPA ကလည်း ထောင်ပေါင်း များစွာသော မြန်မာ မွတ်စလင် ဒုက္ခသည်တွေကို နိုင်ငံရင်းသို့ ပြန်လည်ခေါ်ယူဖို့ ကိစ္စမှာ မြန်မာနိုင်ငံက ကူညီဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG