သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမီးလ် ကျားသူပုန်တွေ လက်နက်ချ


သီရိလင်္ကာနိုင်ငံမှာ ကိုယ်ပိုင် အုပ်ချုပ်ရေး ရဖို့ နှစ်ပေါင်း ၂၆နှစ်ကြာ တိုက်ခိုက်နေတဲ့ တမီးလ် ကျားသူပုန်တွေက သူတို့ ရှုံးနိမ့်သွားပြီလို့ ဝန်ခံလိုက်ပါပြီ။ တမီးလ် ပြည်သူတွေအပေါ် အစိုးရတပ်တွေ မလိုအပ်ဘဲ သတ်ဖြတ်နေတာတွေ နောက်ထပ် မဖြစ်ရလေအောင် လက်နက်ချမယ်လို့ တမီးလ်သူပုန်တွေက ပြောပါတယ်။ အစိုးရကတော့ အကြမ်းဖက်မှုကို နှိမ်နင်းဖို့နဲ့ အကြမ်းဖက် သမားတွေလက်ကနေ အရပ်သားတွေကို ကယ်တင်ဖို့ သူတို့ရဲ့ ရည်ရွယ်ချက် ပြည့်သွားပြီလို့ ပြောပါတယ်။ တမီးလ်ကျားသူပုန်တွေကို စစ်တပ်က အနိုင်ရခဲ့တဲ့အတွက် ကမ္ဘာပေါ်က အကြီးကျယ်ဆုံး ဓားစာခံ ကယ်တင်ရေး စစ်ဆင်မှု ကိုလည်း အဆုံးသတ်နိုင်ပြီလို့ သီရိလင်္ကာ ဘေးဒုက္ခကယ်ဆယ်ရေးနဲ့ လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံ အရှေ့ မြောက်ပိုင်းက နေရာလေးကိုတော့ တနင်္ဂနွေနေ့ နှောင်းပိုင်းအထိ သူပုန်တွေက ဆက်ပြီးတော့ ထိန်းချုပ်ထားဆဲ ဖြစ်ပြီး အစိုးရတပ်တွေအပေါ် အသေခံ တိုက်ခိုက်မှုတွေကို လုပ်နေဆဲပဲလို့ စစ်တပ်က သတင်းပို့ပါတယ်။

ဇန်နဝါရီလက စတင်ခဲ့တဲ့ အစိုးရတပ်တွေနဲ့ သူပုန်တွေရဲ့တိုက်ပွဲအတွင်းမှာ အရပ်သား ၆၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ သီရိလင်္ကာအစိုးရကရော၊ တမီးလ် ကျားသူပုန်တွေဘက်ကပါ စစ်ရာဇဝတ်မှု ကျူးလွန်နိုင်ခဲ့ချေ ရှိတယ်ဆိုတာကို စုံစမ်း စစ်ဆေးပေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG