သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် တရားစီရင် ကြားနာ စစ်ဆေးမှု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ကန့်သတ်တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်ထဲမှာ ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာရုံးတင် ကြားနာစစ်ဆေးမှုပြုလုပ်ရာမှာ စိတ်ဝင်စားစရာဖြစ်ရပ်တခုကတော့ ဒေါ်စုအိမ်ခြံဝင်းအတွင်းကို ရေကူးခိုဝင်လာခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယန် ယက်ထော (John William Yettaw) က ဒေါ်စုအိမ်မှာ မူဆလင်အမျိုးသမီးတွေဝတ်တဲ့ ခေါင်းမီးခြုံဝတ်ရုံနှစ်စုံ နဲ့ နေကာမျက်မှန်တွေ ပေးထားခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီဝတ်စုံတွေကို တရားခွင်မှာ အမျိုးသမီးငယ်နှစ်ဦးကို ဝတ်ဆင်ခိုင်းပြီး ဒီလိုဝတ်ဆင်ထားရင် ဘယ်သူဘယ်ဝါဆိုတာမသိနိုင်၊ သိနိုင် တရားလိုသက်သေ ရဲအရာရှိများကို မေးမြန်းခဲ့ရာမှာ ရဲအရာရှိများက မသိနိုင်ဘူးလို့ ဖြေကြားခဲ့ကြောင်း သတင်းစာများတွင် ဖော်ပြခဲ့ပါတယ်။ ဒီအမှုမှာ အစိုးရတရားလိုတွေ အနေနဲ့ ဘယ်လမ်းကြောင်းကို ဦးတည်နေသလဲ၊ လက်ရှိကြားရသမျှမှာ အမှုသွားအမှုလာ ဘယ်လိုရှိနေသလဲဆိုတာတွေကို သိရှိနိုင်ဖို့ ရန်ကုန်မြို့ နေ ရှေ့ နေကြီး ဦးအောင်သိန်း ကို ဘန်ကောက်မြို့ ရှိ ဗွီအိုအေသတင်းထောက် ဦးအောင်လွင်ဦး က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG