သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် ၂စင်း ထပ်ပစ်လွှတ်


တာတိုပစ်ဒုံးကျည် ၂စင်းကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့
တောင်ကိုရီးယား သတင်းဌာနက ပြောပါတယ်။ နျူကလီးယားဗုံးကို တနင်္လာနေ့မှာ
စမ်းသပ်ခဲ့တဲ့အတွက် နိုင်ငံတကာက ရှုတ်ချတာတွေ တိုးများနေတဲ့အချိန်မှာ အခုလို
မြောက်ကိုရီးယားက ဆက်လက်စမ်းသပ်လိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းကနေ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့
အမည်မဖော်လိုသူ အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး တောင်ကိုးရီးယားသတင်း
ဌာန ယွန်ဟပ်ပ်က အင်္ဂါနေ့မှာ သတင်းရေးသားခဲ့ပါတယ်။

မြေအောက်မှာ နျူကလီးယားဗုံးကို စမ်းသပ်ဖောက်ခွဲပြီး မကြာမီလေးမှာပဲ
မြောက်ကိုရီးယားက တနင်္လာနေ့မှာ ဒုံးကျည် ၃စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။
တနင်္လာနေ့ နှောင်းပိုင်းမှာပဲ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ပါဝင်တဲ့ လုံခြုံရေး
ကောင်စီ ၁၅နိုင်ငံ အရေးပေါ်အစည်းအဝေးက အဲဒီလို နျူကလီးယား စမ်းသပ်မှု
အတွက် တညီတညွတ်တည်း ရှုတ်ချလိုက်ကြပါတယ်။

မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးကောင်စီ
က ပြောပါတယ်။ ဘယ်လောက်အထိ ပြင်းထန်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။
လုံခြုံရေးကောင်စီရဲ့အာဏာကို ထိခိုက်နိုင်စရာရှိလာပြီ ဖြစ်တဲ့အတွက် ပြင်းထန်တဲ့
ဆုံးဖြတ်ချက်က ရှောင်လွှဲလို့ မရတော့ပါဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန သတင်း
ရပ်ကွက်က ပြောတဲ့အကြောင်း အင်တာဖက်က်စ်သတင်းဌာနက ဆိုပါတယ်။

အစဉ်အလာအရ မြောက်ကိုရီးယားရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နိုင်ငံနဲ့
ရုရှားနိုင်ငံကလည်း အဲဒီလိုစမ်းသပ်တာကို ဆန့်ကျင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်
ခေါင်းအေးအေးထားပြီး သင့်လျော်တဲ့နည်းနဲ့ တုံ့ပြန်ဖို့ ပတ်သက်တဲ့သူတွေကို တရုတ်
နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အရင်တုန်းကတော့ မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမှာကို
ဗီတိုအာဏာရှင်တွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားတို့က ပယ်ချခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG