သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အရေးယူဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေး


မြောက်ကိုရီးယားဟာ သူလုပ်ဆောင်နေတဲ့ လမ်းကြောင်းကို ပြန်မလှည့်ဘူးဆိုရင်
တူညီတဲ့ပေးဆပ်မှုတွေ ရှိလာအောင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့အတူ လုပ်ဆောင်
နေပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားသွားပါတယ်။

မြေအောက်စမ်းသပ်မှုတခု ဒုတိယအကြိမ်မြောက်အဖြစ် အောင်အောင်မြင်မြင်
လုပ်ဆောင်နိုင်လိုက်ပြီလို့ မြောက်ကိုရီးယား အစိုးရရဲ့ ပြောကြားချက်ကို တညီတညွတ်
တည်း တုံ့ပြန်နိုင်ရေး ဆွေးနွေးကြဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန် (Hillary Clinton) က ရုရှားနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံနေ
တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့ကပဲ ပြောကြားသွားပါတယ်။

သူ့အဆို မြောက်ကိုရီးယားနိုင်ငံအတွက် နောက်ဆက်တွဲအကျိုးဆက် တကယ်ဖြစ်သွား
စေမယ့် ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ရ
မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ
(Ian Kelly) က ပြောပါတယ်။

ဆုံးဖြတ်ချက်အသစ်တခု ချမှတ်သင့်တယ်ဆိုတာကိုတော့ လုံခြုံရေးကောင်စီက တညီ
တညွတ်တည်း သဘောတူထားကြောင်း မစ္စတာကယ်လီက ပြောပါတယ်။ ကုလသမဂ္ဂ
မှာ ဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေထဲ ဘာတွေပါသလဲ အသေးစိတ်ကိုတော့
ပြောဆိုဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ သံအမတ်တွေနဲ့ မြောက်ကိုရီးယားအရေး
နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံဟာ ဒေသစံတော်ချိန်
အင်္ဂါနေ့နှောင်းပိုင်းမှာ ဆွေးနွေးကြဖို့ရှိတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲမှာ
မြောက်ကိုရီးယားပါဝင်ဖို့ တံခါးဖွင့်ထားဆဲပါပဲလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က
ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ စိတ်ရှည်သည်းခံမှု အတိုင်းအတာက တနေ့ကျရင်
ကုန်ဆုံးသွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG