သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၂၃ ဦး သေဆုံး


ပါကစ္စတန်နိုင်ငံ Lahore မြို့ အရှေ့ဘက်မှာရှိတဲ့ ရဲစခန်းတခုရဲ့ အပြင်ဘက်မှာ စစ်သွေးကြွတွေရဲ့ ကားဗုံး ဖောက်ခွဲမှု ကြောင့် အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က အသေခံ တိုက်ခိုက်မှု တခုလို့ အရာရှိတွေက ပြောဆိုတဲ့ တိုက်ခိုက်မှု အတွက် ပြည်ထဲရေးဝန်ကြီး Rehman Malik ကတော့ တာလီဘန် စစ်သွေးကြွတွေကို အပြစ်တင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း အစိုးရတပ် တွေကနေ တာလီဘန် တိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထား ဆက်လက် တိုက်ခိုက်နေတဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့ အခုလို ဒီတိုက်ခိုက်မှု ဖြစ်လာရတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Rehman Malik က ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန် အရာရှိတွေကတော့ မသင်္ကာသူ လူ ၄ ဦးကို ဖမ်းဆီးမိ ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ ပြောဆိုခြင်း မရှိပါဘူး။ ရဲစခန်းက တားမြစ်ကန့်သတ်ထားတဲ့ နေရာတခုရဲ့ အပြင်ဘက်ကို စစ်သွေးကြွတွေက ကားသွင်းလာတာဖြစ်ပြီး တချို့စစ်သွေးကြွတွေက ကားအပေါ်ကနေ ခုန်ချပြီးတော့ စတင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ကားဟာ လူထူတဲ့လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အရာရှိတွေက ပြောဆိုပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အဆောက်အအုံ နဲ့ ကား တော်တော်များများ ပျက်စီးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG