သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာတိုပစ်ဒုံးကျည်နောက်တစင်း မြောက်ကိုရီးယား ပစ်လွှတ်စမ်းသပ်


မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျဉ်တစင်းကို အရှေ့ဘက် ကမ်းရိုးတမ်း ကမ်းလွန်ပင်လယ်ပြင်မှာ ပစ်လွှတ်စမ်းသပ်လိုက်တယ်လို့ တောင်ကိုရီးယား ယွန်ဟက် သတင်းဌာနက ကြေညာပါတယ်။ တနင်္လာနေ့မှာ နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့ကတည်းကဆိုရင် ဒါဟာ ခြောက်ကြိမ်မြောက် ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ရန်စလာရင်တော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ နောက်ထပ်လုပ်ဆောင်မှုတွေ လုပ်ရလိမ့် မယ်လို့ မြောက်ကိုရီးယားကပြောအပြီး နာရီအတော်အကြာမှာ အခုလို နောက်ထပ် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ရန်လိုတဲ့ ဘယ်လိုအပြုအမူမျိုးမဆို ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ၁၉၅၃ ခုနှစ် အပစ်ရပ် သဘောတူညီချက်ကို ဖျက်သိမ်းတဲ့အခြေ ရောက်သွားလိမ့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားက အခုနောက်ဆုံး နျူူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့တဲ့အပေါ် ဘယ်လို အရေးယူ ဒဏ်ခတ်ကြမယ် ဆိုတာ ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နဲ့ ရုရှားတို့ ကြာသပတေးနေ့က တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပါတယ်။ အရေးယူဒဏ်ခတ်မှုတွေထဲမှာ လက်နက်ရောင်းဝယ်မှု ပိတ်ပင် ကန့်သတ်ထားတာကို ထပ်ပြီးချဲ့ထွင်တာ၊ ငွေကြေးနဲ့ ဘဏ်စနစ်ဆိုင်ရာ ကန့်သတ်ချက်တွေ ပါဝင်နိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG