သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး၊ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်(စ) က တိုက်တွန်းလိုက်ပါတယ်။ စင်ကာပူ နိုင်ငံမှာ လုပ်နေတဲ့ ကာကွယ်ရေးဝန်ကြီးများအဆင့် အာရှလုံခြုံရေး နှစ်ပတ်လည်ညီလာခံ ကျင်းပနေရာမှာ မစ္စတာဂိတ်(စ) က အခုလို ပြောသွားတာပါ။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေဖြစ်သူတွေနဲ့ နှစ်နာရီကြာ အင်းစိန်ထောင်ဝင်းအတွင်း ပေးတွေ့ခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမယ့် တနင်္လာနေ့ ရုံးချိန်းထားရာကနေ သောကြာနေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။ အဲဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် အမှုကို နောက်ဆုံးလျှောက်လွဲှချက် ပေးရမှာပါ။ ဘာကြောင့် အခုလို ရက်ရွှေ့ရသလဲဆိုတာတော့ အာဏာပိုင်တွေဖက်က အကြောင်းပြချက်မပေးဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တုန်းက မြန်မာပြည်အလယ်ပိုင်း ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အစိုးရလိုလားသူတွေက အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်အဖြစ် နိုင်ငံတကာမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ ဆန္ဒပြကြပါတယ်။ အဲဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီး အဖြစ်မှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ၂၀၀၃ ခုနှစ် အကြမ်းဖက် တိုက်ခိုက်ခံရပြီး ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာအစိုးရ နေအိမ်အကျယ်ချုပ် ချထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG